back

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ့

Dec 04 • 2:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ့

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံး အုပ်စုအဆင့်ပွဲစဉ်တွေကို ဒီနေ့ စတင်ယှဉ်ပြိုင်ခဲ့ရာမှာ အိမ်ရှင် ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ...

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံး အုပ်စုအဆင့်ပွဲစဉ်တွေကို ဒီနေ့ စတင်ယှဉ်ပြိုင်ခဲ့ရာမှာ အိမ်ရှင် ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ့ကြောင်း သိရပါတယ်။ထိုင်းက တီမောကို (၆-၁)ဂိုး၊ ဗီယက်နမ်က လာအိုကို (၂-၁)ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မြန်မာအသင်း ပါဝင်တဲ့ အုပ်စု(C)ပွဲစဉ်ကိုတော့ ဒီဇင်ဘာ(၅)မှာမှ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။မြန်မာအသင်းကတော့ အုပ်စု(C)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့အတူ ကျရောက်ခဲ့တာဖြစ်ပြီး အုပ်စုပထမရတဲ့အသင်းတွေနဲ့ အကောင်းဆုံးအုပ်စုဒုတိယရတဲ့အသင်း စုစုပေါင်း (၄)သင်းက ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။မြန်မာအသင်းက ဒီဇင်ဘာ(၅)မှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ(၁၂)မှာ အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

news-view-count-icon

36