ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ တိုက်အောက်မှာရပ်ထားတဲ့ကားတစီးကနေကားဘီး လေးဘီးလုံးဖြုတ်ခိုးသွားမှုဖြစ်ပွားခဲ့ပါတယ်။ကားပိုင်ရှင်ဟာတိုက်အောက်မှာရပ်ထားတဲ့အချိန်အတွင်းအခုလိုဖြုတ်ခိုးသွားတာလို့ဆိုပါတယ်။"မြောက်ဒဂုံမှာ သူခိုး တွေသောင်းကျန်းနေပြန်ပြီဗျာ ဒီနေ့မနက်ပဲ ကားဘီး လေးဘီးလုံးကို ဖြုတ်ခိုး သွားပါတယ်" လို့ပိုင်ရှင်ဖြစ်သူကရေးသားထားပါတယ်။
ရန်ကုန်မြောက်ဒဂုံမြို့နယ်အပါအဝင်မြို့နယ်တော်တော်များများမှာ တိုက်အောက် ၊လမ်းဘေး၊ ရပ်ထားတဲ့ကားတွေဆီကနေ ကားမှန် ကားဘီး အစရှိတဲ့ပစ္စည်းများခိုးယူခံရမှုနေ့စဥ်နဲ့အမျှဖြစ်ပွားနေတယ်လို့သိရပါတယ်။


