back

တနင်္သာရီတိုင်း၊ကော့သောင်းဘက်သို့ ထိုင်းမှထိန်းသိမ်းထားသည့် မြန်မာ၁၀၀ကျော်ကို လွှဲပြောင်းပေး

Dec 04 • 2:16 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ကော့သောင်းဘက်သို့ ထိုင်းမှထိန်းသိမ်းထားသည့် မြန်မာ၁၀၀ကျော်ကို လွှဲပြောင်းပေး

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ဒီဇင်ဘာ ၃ ရက်က တနင်္သာရီတိုင်း၊ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ပ...

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ဒီဇင်ဘာ ၃ ရက်က တနင်္သာရီတိုင်း၊ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ပြီးခဲ့သော နိုဝင်ဘာက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက်ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက်ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားအမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

news-view-count-icon

22