ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များအား သန်လျင်မြို့နယ် အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ဘင်ခရာတီးဝိုင်နှင့် ပန်းပွားအက ၊သုံခွမြို့နယ်ရှမ်းစု အ.ထ.က (ခွဲ)ကျောင်းမှ ဦးရွှေရိုး ဒေါ်မိုး ရှမ်းအိုးစည်အကဖြင့် ကြိုဆိုခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲများတွင်ဆုရရှိသူ များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သုံးခွမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား ကျောင်းသူလေးများက " ဇာတိမာန် သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်း၊သုံးခွမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 04 • 2:15 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


