back

ရှမ်းပြည်တောင်ပိုင်း၊ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲဖြစ်

Dec 04 • 2:14 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်တောင်ပိုင်း၊ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲဖြစ်

ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင...


ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး လူ(၈)ဦး သေဆုံးကာ နေအိမ် ၁၆ လုံးပျက်စီးဆုံးရှုံးသွားခဲ့ရသည်။အဆိုပါ ပျက်စီးသွားခဲ့ရသည့် နေအိမ်များကို ယခုထိ ပြန်လည်တည်ဆောက်ရန် အခက်ခဲဖြစ်နေပြီး ကျေးရွာအတွင်း သောက်သုံးရေများလည်း ရှားပါးသောကြောင့် ရေကို ချွေတာ သုံးစွဲနေရကြောင်း ဒေသခံများထံမှ သိရသည်။ထို့အပြင် ကျေးရွာမူလတန်းကျောင်းသည်လည်း ရေကြီးမှုကြောင့် ပျက်စီးသွားသောကြောင့် ယာယီတဲဖြင့်သာ ကလေးများ စာသင်နေရပြီး စာသင်ကျောင်းပြန်လည်ဆောက်လုပ်ရန် အတွက် အလှူရှင်များလိုအပ်နေကြောင်း ၎င်းက ဆက်ပြောပါသည်။ပင်းတယမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဆန်စပါးကို အများဆုံးစိုက်ပျိုးလုပ်ကိုင်သည့် ဒေသဖြစ်ပြီး ရေကြီးမှုကြောင့် စပါးခင်း၊ သီးနှံစိုက်ခင်းများစွာ ဆုံးရှုံးခဲ့ရသည်။

news-view-count-icon

25