back

ထိုင်းမှာ မကူးစက်နိုင်တဲ့ ရောဂါ(NCDS)နဲ့ လူ‌ သေဆုံးမှု အမြင့်ဆုံး ဖြစ်နေ

Dec 04 • 2:13 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ မကူးစက်နိုင်တဲ့ ရောဂါ(NCDS)နဲ့ လူ‌ သေဆုံးမှု အမြင့်ဆုံး ဖြစ်နေ

ထိုင်းနိုင်ငံ Muang Thong Thani ရှိ IMPACT Forum မှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် အမျိုးသားကျန်းမာရေးညီလာခံမှာ ပြောကြားချက်အရ ထိုင်းမှာ မကူးစက်နိုင်တဲ့ရောဂါ (NCDs) ...

ထိုင်းနိုင်ငံ Muang Thong Thani ရှိ IMPACT Forum မှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် အမျိုးသားကျန်းမာရေးညီလာခံမှာ ပြောကြားချက်အရ ထိုင်းမှာ မကူးစက်နိုင်တဲ့ရောဂါ (NCDs) တွေဟာ ‌ သေဆုံးမှုအများဆုံး အကြောင်းရင်းဖြစ်ပြီး တစ်နှစ်ကို လူ ၄ သိန်းကျော် (စုစုပေါင်း ‌ သေဆုံးမှုရဲ့ ၇၇ ရာခိုင်နှုန်း) ‌ သေဆုံးနေရပါတယ်လို့ သိရပါတယ်။ ဒီရောဂါတွေကြောင့် နိုင်ငံအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆ သန်းကျော် ဆုံးရှုံးနေရပြီး ဆီးချို၊ နှလုံး၊ ကင်ဆာ၊ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေက အဓိက ‌ သေဆုံးစေတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ Thai Health Promotion Foundation ဒုတိယမန်နေဂျာ Dr. Pairoj Saonuam က ပြောပါတယ်။ဒီရောဂါတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်း ၅ ခုကတော့ လေထုညစ်ညမ်းမှု၊ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနဲ့ အရက်သောက်သုံးခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ NCDs တွေကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုတွေ ကြီးမားနေပြီး အရွယ်မတိုင်ခင် ‌ သေဆုံးတာနဲ့ အငြိမ်းစားယူရတာတွေကြောင့် လုပ်သားအင်အား လျော့နည်းသွားတာက စီးပွားရေးဆုံးရှုံးမှုစုစုပေါင်းရဲ့ ၈၆ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ Dr. Pairoj က ထောက်ပြထားပါတယ်။

news-view-count-icon

25