မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်များအပါအဝင် ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရပါတယ်။ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများအား တည်းခိုဆောင်များ၌ ညအိပ်တည်းခို နားနေခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဦးစီးကော်မတီ၏ တာဝန်ရှိသူတစ်ဦးပြောပါတယ်။



