back

ထိုင်း မင်းသမီး Nana Rybena လူ ၁၇ ယောက်ဆီက ဘတ် ၁၉၅ သန်း လိမ်လည်ထားမှုနဲ့ ဖမ်းဆီးခံရ

Dec 04 • 2:12 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း မင်းသမီး Nana Rybena လူ ၁၇ ယောက်ဆီက ဘတ် ၁၉၅ သန်း လိမ်လည်ထားမှုနဲ့ ဖမ်းဆီးခံရ

ထိုင်းမင်းသမီး Rybena “Nana” Intachai ကို ငွေကြေးလိမ်လည်ချေးငှားမှုနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက ဘန်ကောက်၊ Watthana ခရိုင်မှာရှိတဲ့ နေအိမ်မှာ ရဲတပ်ဖွဲ့က ဝင်...

ထိုင်းမင်းသမီး Rybena “Nana” Intachai ကို ငွေကြေးလိမ်လည်ချေးငှားမှုနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက ဘန်ကောက်၊ Watthana ခရိုင်မှာရှိတဲ့ နေအိမ်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖ-မ်းဆီးလိုက်ပါတယ်။ သူမရဲ့ မိတ်ဆွေအရင်းခေါက်ခေါက် ၁၇ ဦးက စုစုပေါင်း ဘတ် ၁၉၅ သန်းလောက် လိမ်လည်ရယူထားတယ်ဆိုပြီး ပြီးခဲ့တဲ့လအလယ်လောက်က တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။ရဲတပ်ဖွဲ့က Nana ပိုင်ဆိုင်တဲ့ ကား၊ အိတ်၊ နာရီ၊ လက်ဝတ်ရတနာနဲ့ Art Toy အရုပ်တွေ အပါအဝင် တန်ဖိုးငွေ ဘတ် ၁၀ သန်းဝန်းကျင်ရှိတဲ့ ပစ္စည်းတွေကိုလည်း စစ်ဆေးဖို့ သိမ်းဆည်းထားပါတယ်။ သူမရဲ့ ရှေ့နေကတော့ အာမခံရဖို့ ကြိုးပမ်းနေပေမယ့် ဒီအမှုဟာ ထောင်ဒဏ် ၃ နှစ်အထက် ကျခံရနိုင်တဲ့ အမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့က ဆင့်ခေါ်စာမပို့ဘဲ ဝရမ်းထုတ်ပြီး ဖ-မ်းဆီးခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ Nana က စွဲချက်တွေကို ငြင်းဆိုထားပြီး သူမအနေနဲ့ ငွေချေးတာ ဥပဒေနဲ့မလွတ်ကင်းမှန်း မသိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

news-view-count-icon

16