back

ထိုင်းတွင် Phu Kradueng တောင်ပေါ်၌ တစ်နှစ်မှာ တစ်ခါပဲ မြင်တွေ့ရတဲ့မေပယ်ရွက်လေးတွေ ကြောင့် လာရောက်လည်ပတ်သူများပြားနေ

Dec 04 • 2:11 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် Phu Kradueng တောင်ပေါ်၌ တစ်နှစ်မှာ တစ်ခါပဲ မြင်တွေ့ရတဲ့မေပယ်ရွက်လေးတွေ ကြောင့် လာရောက်လည်ပတ်သူများပြားနေ

ထိုင်းနိုင်ငံ Loei ခရိုင်မှာ တစ်နှစ်မှာ တစ်ကြိမ်ပဲ မြင်တွေ့ရမယ့် ဆောင်းရာသီ အထူးမြင်ကွင်းအဖြစ် Phu Kradueng တောင်ထိပ်ပေါ်က မေပယ်ရွက်တွေဟာ တောက်ပတဲ့ အနီရောင်အဖြစ...

ထိုင်းနိုင်ငံ Loei ခရိုင်မှာ တစ်နှစ်မှာ တစ်ကြိမ်ပဲ မြင်တွေ့ရမယ့် ဆောင်းရာသီ အထူးမြင်ကွင်းအဖြစ် Phu Kradueng တောင်ထိပ်ပေါ်က မေပယ်ရွက်တွေဟာ တောက်ပတဲ့ အနီရောင်အဖြစ် ပြောင်းလဲလာနေပါပြီ။ ဒီလို သဘာဝအလှတရားကြောင့် ခရီးသွားတွေ အများကြီး စိတ်ဝင်တစား ရောက်ရှိလာကြပြီး ဒီလိုရှားပါးတဲ့ ကာလလေးမှာ အမှတ်တရ ဓာတ်ပုံတွေကို အလုအယက် ရိုက်ကူးနေကြပါတယ်။သတင်းထောက်တွေရဲ့ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်း ဆောင်းဝင်လာတာနဲ့အမျှ Phu Kradueng အမျိုးသားဥယျာဉ် အတွင်းမှာ ထူးခြားတဲ့ သဘာဝဖြစ်စဉ်တစ်ခု စတင် ဖြစ်ပေါ်နေပါတယ်။ မေပယ်ရွက်တွေ (ဒေသအခေါ် kuam daeng သို့မဟုတ် fai duean ha) ဟာ အစိမ်းရောင်ရင့်ရင့်ကနေ တောက်ပတဲ့ အနီရောင်အဖြစ် စတင်ပြောင်းလဲလာတာဖြစ်ပြီး ဒါဟာ ဒီနှစ်ရဲ့ ပထမဆုံး အသုတ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် တောင်ပေါ်က ရေတံခွန်တွေဝန်းကျင်မှာ ဒီမြင်ကွင်းကို တွေ့မြင်ရတာ ဖြစ်ပါသည်။

news-view-count-icon

18