back

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်မှ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွား

Dec 04 • 2:09 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်မှ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်တွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) နံနက် ၇ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်...

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်တွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) နံနက် ၇ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြားတွင်ဖွင့်လှစ်ထားသော ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုကြောင့် Level 1 ယာဥ်အုပ်စုထွက်ခွာကာ မီးငြိမ်းသက်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။ထို့နောက် မီးငြိမ်းသတ်ရေးအဖွဲ့ တာဝန်ကှိသူများက အချိန်မီဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပါသည်။မီးလောင်မှုကြောင့် လဖက်ရည်ဆိုင်တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်သည်ဟု ပြောပါသည်။

news-view-count-icon

35