back

မြဝတီကျားဖြန့် လုပ်ငန်းမှ ပြန်လာကြသည့် ၁၃/ကိုင်ဆောင်ထားသူများ ဂိတ်တွင် သိန်း(၆၀)ထိ ပေးဆောင်ရဟု ဆို

Dec 04 • 2:19 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီကျားဖြန့် လုပ်ငန်းမှ ပြန်လာကြသည့် ၁၃/ကိုင်ဆောင်ထားသူများ ဂိတ်တွင် သိန်း(၆၀)ထိ ပေးဆောင်ရဟု ဆို

ထိုင်း မြန်မာနယ်စပ် မြဝတီ ရွှေကက္ကိုလ် ကျားဖြန့်လုပ်ငန်းမှ ပြန်လာကြသည့် ၁၃/မှတ်ပုံတင် ကိုင်ဆောင်ထားသူများ စစ်ဆေးရေးဂိတ်များတွင် ငွေကျပ်သိန်း(၆၀)ထိ ပေးဆောင်ရကြော...

ထိုင်း မြန်မာနယ်စပ် မြဝတီ ရွှေကက္ကိုလ် ကျားဖြန့်လုပ်ငန်းမှ ပြန်လာကြသည့် ၁၃/မှတ်ပုံတင် ကိုင်ဆောင်ထားသူများ စစ်ဆေးရေးဂိတ်များတွင် ငွေကျပ်သိန်း(၆၀)ထိ ပေးဆောင်ရကြောင်း သိရသည်။ကျားဖြန့်များကို ဖမ်းဆီးမှုကြောင့် မိမိနေရပ် ရှမ်းပြည်သို့ ပြန်လာကြသူများ ၁၃/ကိုင်ဆောင်ထားသူ အထူးသဖြင့် ကိုးကန့်၊ပလောင်နှင့် ရှမ်းလူမျိုးများကို စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမှု ရှိနေကြောင်း ကျားဖြန့်လုပ်ငန်း ပြန်လာသူထံမှ သိရသည်။ကျားဖြန့်များသည် ရှမ်းပြည်နယ်အတွင်း နေရာယူလာနေကြပြီး ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်တို့တွင် ဆက်စပ်ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း မြန်မာတာဝန်ရှိသူများဘက်မှ ဖော်ပြထားသည်။

news-view-count-icon

36