ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးက ဒီဇင်ဘာ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ လယ်ယာကနေ ပြန်လာနေချိန် ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ဓားခုတ်ခံရသူ လင်မယားနှစ်ဦးဟာ အသက် ၄၃ ဝန်းကျင်အရွယ်ရှိတဲ့ ဒေါ်အီမေနဲ့ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ဦးအိုက်လှိုင်တို့ဖြစ်ပြီး နမ့်ဖက်ကာကျေးရွာ အောင်သပြေရပ်ကွက်မှာ နေထိုင်ကြသူတွေလို့လည်း သိရပါတယ်။လက်ရှိမှာတော့ ဓားခုတ်ခံရတဲ့ အဲဒီလင်မယားနှစ်ဦးဟာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။



