ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီကျော်တွင် ထားဝယ်မြို့တွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ဘုရားဖူးလာသည့် မြို့ခံတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက သော့ဖျက်ပြီး မောင်းယူထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။ ဆိုင်ကယ်ခိုးယူသူသည် ဆိုင်ကယ်ကယ်ရီဖြင့် ဘုရားကြီးဝင်ထဲသို့ လာရောက်ခြင်းဖြစ်ပြီး အပြာရောင်ဂျင်းအင်္ကျီ ဝတ်ဆင် ထားကြောင်း မျက်မြင်တွေ့ခဲ့သည့် ဘုရားဖူးမြိုခံ့အချို့၏ ပြောကြားချက်ကို ကိုးကားကာ မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။အလစ်သုတ်ခံရသည့် ဆိုင်ကယ်မှာ NCX Wave 100 အမျိုးအစားဖြစ်ပြီး မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် သက်သေခံ စာရွက်စာတန်းများပါ ဆိုင်ကယ်နှင့်အတူ ပါသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။



