ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် ၊ နန့်စီးအောင်စစ်ဆေးရေးဂိတ်ကနေနိုဝင်ဘာလ (၈)ရက်နေ့မှာ ကျပ်သိန်း(၁၂၀)တန်ဖိုးရှိတဲ့ ဘိန်းစိမ်း(၁၀)ကီလိုကိုလည်းကောင်း၊ နိုဝင်ဘာလ(၁၉)ရက်နေ့မှာ ကျပ်(၇၂)သိန်း တန်ဖိုးရှိတဲ့ ဘိန်းစိမ်း(၆)ကီလိုတို့ကိုလည်းကောင်း တွေ့ရှိရမိခဲ့တာလည်း ဖြစ်ပါတယ်။ဘိန်းစိမ်းသယ်ဆောင်လာသူတွေက အမျိုးသမီးများသာဖြစ်ပြီး မကြိုင်(၃၆)နှစ်၊မခင်ဖြိုးဝေ(၂၆)နှစ်၊ မယွန်းစံပယ်(၂၉)နှစ်နဲ့မစက်ကြည်(၆၅)နှစ်တို့ဖြစ်ကာ ၎င်းတို့စုစုပေါင်း(၄)ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။



