မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေသော MH370 ခရီးစဉ် ပျံသန်းသည့် လေယာဉ် ရှာဖွေမှုကို ဒီဇင်ဘာလကုန်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက လေယာဉ်ပျောက်ဆုံးပြီး ဆယ်နှစ်ကျော်အကြာတွ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၃)တွင် ပြောကြားသည်။ လူ ၂၃၉ ဦးတင်ဆောင်လာသော ဘိုးရင်း ၇၇၇ လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းနေစဉ် ရေဒါမျက်နှာပြင်မှ ပျောက်ဆုံးသွားခဲ့သည်။ လေကြောင်းသမိုင်းတလျှောက် အကြီးမားဆုံး ရှာဖွေမှု ပြုလုပ်ခဲ့သော်လည်း လေယာဉ်ပျက်ကို မတွေ့ရှိခဲ့သဖြင့် လေကြောင်းလောက၏ အကြီးမားဆုံးသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်လာသည်။



