back

ထိုင်းတွင် ဒူးရင်းခြံအတွင်း မီးတိုင်ထူရင်း မြန်မာလုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး

Dec 03 • 1:53 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ဒူးရင်းခြံအတွင်း မီးတိုင်ထူရင်း မြန်မာလုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ဒူးရင်းခြံထဲတွင် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက လျှပ်စစ်မီးတိုင်ထူနေစဉ် မြန်မာအလုပ်သမား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ထို...

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ဒူးရင်းခြံထဲတွင် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက လျှပ်စစ်မီးတိုင်ထူနေစဉ် မြန်မာအလုပ်သမား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ထိုင်းအလုပ်သမား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အလုပ်သမားများက လျှပ်စစ်မီးတိုင်ကို အတူတူ မထူနေကြစဉ် မီးတိုင်ထိပ်ရှိ သံချောင်းက လျှပ်စစ်ဗို့အား ၂၂၀၀၀ ရှိသော မီးကြိုးကို သွားထိခဲ့သဖြင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမား ၁ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။ အသက် ၄၅ နှစ်အရွယ် ကိုမျိုးချိုလင်းအမည်ရှိ မြန်မာအလုပ်သမားကို အရေးပေါ်ကယ်ဆယ်ရေး CPR ပြုလုပ်ပေးပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း တစ်နာရီကျော်အကြာတွင် သေဆုံးသွားခဲ့သည်။ ထိုင်းအလုပ်သမားမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေရဆဲဖြစ်သည်။



news-view-count-icon

16