ချင်းတိုင်းရင်းသားဖိုက်တာ ဟာလင်းအုမ်းဟာ ဒီဇင်ဘာ ၁၂ သောကြာညမှာ ကျင်းပမယ့် ONE Friday Fights 136 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ချတ်ပစ်ချစ်နဲ့ ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ONE Friday Fights 136 ပြိုင်ပွဲကို ဒီဇင်ဘာ (၁၂) ရက်နေ့ ညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ တွဲဆိုင်း (၁၂) ဆိုင်း ပါဝင်မှာဖြစ်ပြီး ချတ်ပစ်ချစ်နဲ့ ဟာလင်းအုမ်းတို့ဟာ မွေထိုင်း အက်တမ်ဝိတ်တန်းမှာ ပွဲစဥ် (၉) အဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါသည်။



