ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ ဈေးကြီးအနီး ၂ နှစ်ထပ် အိမ်တလုံး ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လျှပ်စစ် ဝါယာကြိုး ရှော့ဖြစ်ရာမှ နေအိမ်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။ မီးလောင်မှုကို မဲဆောက်မြို့ မီးသတ်တပ်ဖွဲ့က ၁ နာရီလောက်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါသည်။



