BTS Jin က သူ့ရဲ့မွေးနေ့အလှူအဖြစ် ဘူဆန်မြို့ရှိ Namgwang လူမှုဖူလုံရေးအသင်း (Namgwang Social Welfare Association)သို့ ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ဤပံ့ပိုးကူညီငွေကို ပြည်တွင်းရှိ အကူအညီလိုအပ်သော လူအုပ်စုများကို ထောက်ပံ့ပေးဖို့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျရောက်မယ့် Jin ရဲ့မွေးနေ့မတိုင်မီ လှူဒါန်းခဲ့သော အဓိပ္ပာယ်ရှိသည့် လှူဒါန်းမှုတစ်ခုပဲဖြစ်ကြောင်း သိရသည်။



