back

ဗီယက်နမ်စစ်သင်္ဘော တရုတ်နိုင်ငံအ‌ရှေ့ပိုင်းမြို့တော် ချင်းသောင်သို့ လာရောက်လည်ပတ်

Dec 03 • 4:14 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်စစ်သင်္ဘော တရုတ်နိုင်ငံအ‌ရှေ့ပိုင်းမြို့တော် ချင်းသောင်သို့ လာရောက်လည်ပတ်

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ရေတပ်ဆိပ်ကမ်းတစ်ခုသို့ လေးရက်ကြာ အလည်အပတ်ခရီးစဥ်တစ်ခုအဖြစ် ဒီဇင်ဘာ ၁ ရက်တွင် ဗီယက်နမ်စစ်သင်္ဘော Tran...

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ရေတပ်ဆိပ်ကမ်းတစ်ခုသို့ လေးရက်ကြာ အလည်အပတ်ခရီးစဥ်တစ်ခုအဖြစ် ဒီဇင်ဘာ ၁ ရက်တွင် ဗီယက်နမ်စစ်သင်္ဘော Tran Hung Dao ဆိုက်ကပ်လာခဲ့သည်။အလည်အပတ်ခရီးစဥ်အတွင်း တရုတ်နှင့် ဗီယက်နမ်ရေတပ်များသည် သင်္ဘောခရီးစဥ်လိုက်ပါကြည့်ရှုခြင်း၊ ကုန်းပတ်ဧည့်ခံပွဲများ၊ ယဥ်ကျေးမှုဖလှယ်ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပြင် အခြားသော အစီအစဉ်များလည်းပြုလုပ်ကြမည်ဖြစ်သည်။ယခုလာရောက်လည်ပတ်မှုသည် ရေတပ်နှစ်ခုအကြား အပြန်အလှန်နားလည်မှုများမြှင့်တင်မှုနှင့် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ကြောင်းသိရသည်။

news-view-count-icon

25