back

ရှမ်းပြည်နယ်၊ရွှေမင်းဖုန်း ရွှေတွင်းပြိုကျမှု ၆ ဦး သေဆုံး

Dec 03 • 4:15 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ရွှေမင်းဖုန်း ရွှေတွင်းပြိုကျမှု ၆ ဦး သေဆုံး

ကလော - သာစည်နယ်စပ်၊ ရွှေမင်းဖုန်း ရွှေတွင်းပြိုကျမှုတွင် လုပ်သား ၆ ဦး သေဆုံးပြီး တစ်ဦး အသက်ရှင်ခဲ့ကြောင်း ယင်းလုပ်သားများနှင့် နီးစပ်သူများထံမှ သိရသည်။ယင်းရွှ...

ကလော - သာစည်နယ်စပ်၊ ရွှေမင်းဖုန်း ရွှေတွင်းပြိုကျမှုတွင် လုပ်သား ၆ ဦး သေဆုံးပြီး တစ်ဦး အသက်ရှင်ခဲ့ကြောင်း ယင်းလုပ်သားများနှင့် နီးစပ်သူများထံမှ သိရသည်။ယင်းရွှေလုပ်ကွက်၏ လိုဏ်ခေါင်းအတွင်း လုပ်သား ၇ ဦး အလုပ်လုပ်နေစဥ် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ယင်းရွှေတွင်းမှာ ပေ ၅၀ ခန့် နက်ပြီး လက်ရှိတွင် မြေတူးစက်နှင့် တူးဖော်နေကာ ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိသူ ဘုတလင်မြို့နေ အသက် ၂၆ နှစ်ရှိ ကိုဝင်းစိုးကို နိုဝင်ဘာ ၃၀ ရက်နှင့် ရေစကြိုမှ ၂၀ နှစ်ရှိ ကိုမျိုးနိုင်စိုးတို့ကို ဒီဇင်ဘာ ၁ ရက်တွင် အောင်ပန်းမြို့၊  မင်းဂူသုဿန်တွင် သင်္ဂြိုဟ်ခဲ့ပြီး ထပ်မံ တူးဖော်ရရှိသည့် ကျုံပျော်မြို့မှ ခရစ်ယာန်ဘာသာဝင် အသက် ၂၅ နှစ်ရှိ စကျော်ဇေယျာငြိမ်းချမ်း(ခေါ်) ဖိုးသာထူးကို သက်ဆိုင်ရာ ဘာသာရေးထုံးစံနှင့် အညီ ယမန်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ထို့နောက် တွင်းထဲကျန်သူ ၃ ဦးကို စက်ယန္တရားများ အသုံးပြု၍ ဆက်လက် တူးဖော် ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

29