မဟာတံတိုင်း၏ ကျန့်ခုတ်အပိုင်း၌ မကြာသေးမီကကြီးမားသော အမြောက်တစ်ခု တွေ့ရှိပြီး လေ့လာတူးဖော်မှုက အရေးပါသော ရှာဖွေတွေ့ရှိမှုများဖြစ်ကြောင်း ပေကျင်းမြို့ရှိ ရှေးဟောင်းသုတေသနပညာရှင်များက ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့သည်။အဆိုပါ ရှေးဟောင်းပစ္စည်းများအကြား မင်မင်းဆက်နှောင်းပိုင်းခေတ် (၁၃၆၈-၁၆၄၄) က ကြီးမားသော အမြောက်ပုံစံတစ်ခုလည်း ပါဝင်ပြီး အရွယ်အစားအားဖြင့် အရှည် ၈၉.၂ စင်တီမီတာ၊ အလေးချိန် ၁၁၂.၁ ကီလိုဂရမ်ရှိကာ မဟာတံတိုင်း၏ ထိုအပိုင်းတွင် တွေ့ရှိခဲ့ရသမျှ၌ အကြီးဆုံး အမြောက်အစိတ်အပိုင်းလည်း ဖြစ်သည်။ ယင်းအမြောက်ပေါ်ရှိ ကောင်းစွာထိန်းသိမ်းထားသော စာသားများက ထိုကာလအတွင်း လက်နက်များထုတ်လုပ်ခြင်းနှင့် သမိုင်းဝင်စစ်ဘက်ရေးရာနည်းပညာ ဖလှယ်မှုဆိုင်ရာ သုတေသနအတွက် အရေးပါသည့် သက်သေအသစ်ကို ပံ့ပိုးပေးလျက်ရှိကြောင်း ရှန့်က ပြောခဲ့သည်။
မဟာတံတိုင်းလေ့လာတူးဖော်မှုများက ပေကျင်းမြို့တွင် အဓိကကျသော ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုများ ဖြစ်
Dec 03 • 4:13 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


