ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို ကြည့်ရှုစစ်ဆေးစဉ် ပြင်ဦးလွင်ဒေသ၌ ပန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ရမည်ဖြစ်ပြီး၊ ဒေသပန်းမျိုး၊ နိုင်ငံခြားပန်းမျိုးများ အောင်မြင်စွာ စိုက်ပျိုးကာ ပြည်တွင်းဖြန့်ချိခြင်းအပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ရန် အားပေးဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။ ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာ အသုံးပြု၍ ပန်းမြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဖော်ဆောင်ရန်နှင့် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ပန်းမျိုးများ၏ အရောင်အဆင်း၊ အနံ့နှင့် အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ရန်၊ မြို့တွင်းလမ်းများနှင့် ရပ်ကွက်များတွင်ပါ သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်တို့ကို မှာကြားခဲ့သည်။
ပြင်ဦးလွင်မြို့တွင် ပန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျ ဆောင်ရွက်ရန် မှာကြား
Dec 03 • 3:07 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 79 | 0 | 0 | 0 |


