back

အငြင်းပွားကျွန်းစုများအနီးမှာ တရုတ်နဲ့ ဂျပန်တို့ ထိပ်တိုက်တွေ့မှု ထပ်မံ ဖြစ်ပွား

Dec 03 • 3:05 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

အငြင်းပွားကျွန်းစုများအနီးမှာ တရုတ်နဲ့ ဂျပန်တို့ ထိပ်တိုက်တွေ့မှု ထပ်မံ ဖြစ်ပွား

ဂျပန်နဲ့ တရုတ်သင်္ဘောတွေဟာ အင်္ဂါနေ့မှာ အငြင်းပွားကျွန်းစုများအနီးမှာ ထိပ်တိုက်တွေ့မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ နှစ်နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်တွေကို ကိုး...

ဂျပန်နဲ့ တရုတ်သင်္ဘောတွေဟာ အင်္ဂါနေ့မှာ အငြင်းပွားကျွန်းစုများအနီးမှာ ထိပ်တိုက်တွေ့မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ နှစ်နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်တွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ ဂျပန် ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိ (Sanae Takaichi) က ပြီးခဲ့တဲ့လက ထိုင်ဝမ်အပေါ် တရုတ်ရဲ့ တိုက်ခိုက်မှုမှန်သမျှအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ ပြောကြားခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။ ဒီဇင်ဘာ၂ရက်အင်္ဂါနေ့အစောပိုင်းက အရှေ့တရုတ်ပင်လယ်ရှိ စန်ကာကူ (Senkaku) ကျွန်းစုများအနီးရှိ ဂျပန်ရဲ့ ရေပိုင်နက်ထဲကို တရုတ်ကမ်းရိုးတန်းစောင့်တပ် ကင်းလှည့်သင်္ဘောနှစ်စင်း ဝင်ရောက်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ ပြန်ထွက်ခွာသွားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပါတယ်။ တရုတ်က ဒိုင်အိုယု (Diaoyu) ကျွန်းလို့ခေါ်ပြီး ဂျပန်အုပ်ချုပ်တဲ့ လူသိများတဲ့ စန်ကာကူ ကျွန်းစု တွေဟာ ဆယ်စုနှစ်များစွာအတွင်း နှစ်နိုင်ငံကြား ပုံမှန်ပဋိပက္ခဖြစ်ပွားရာနေရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ တရုတ် ကင်းလှည့်သင်္ဘောတွေဟာ ဂျပန်ငါးဖမ်းလှေတစ်စင်းဆီသို့ ခုတ်မောင်းသွားပြီးနောက် ဂျပန်ကမ်းရိုးတန်းစောင့်တပ်သင်္ဘောတစ်စင်းက တရုတ် ကင်းလှည့်သင်္ဘောကို ရေပိုင်နက်မှ ထွက်ခွာဖို့ တောင်းဆိုခဲ့တယ်လို့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တရုတ်ကမ်းရိုးတန်းစောင့်တပ်သင်္ဘောတွေဟာ သူတို့ကိုယ်သူတို့ ပိုင်ဆိုင်တယ်လို့ တောင်းဆို ထားတဲ့ စန်ကာကူ ကျွန်းစုများအနီးရှိ ဂျပန်ရဲ့ ရေပိုင်နက်အတွင်း သွားလာမှုတွေဟာ အခြေခံအားဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ” ဂျပန်က ပြောကြားပါတယ်။ တရုတ်သင်္ဘောနှစ်စင်းနဲ့ အခြားသင်္ဘောတွေဟာ အဲဒီဒေသမှာ ဆက်လက် ရှိနေဆဲဖြစ်တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က ကြေညာချက်ထဲမှာထပ်လောင်းဖော်ပြထားပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ပြောရေးဆိုခွင့်ရှိသူ Liu Dejun ကတော့ ဂျပန်ငါးဖမ်းသင်္ဘောတစ်စင်းဟာ 'တရုတ်ရဲ့ ရေပိုင်နက်အတွင်းကို တရားမဝင်ဝင်ရောက်ခဲ့တယ်' လို့ ပြောကြားခဲ့ပါတယ်။တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတွေဟာ လိုအပ်တဲ့ ထိန်းချုပ်မှုအစီအမံတွေကို လုပ်ဆောင်ပြီး ဂျပန် သင်္ဘောတွေကို မောင်းထုတ်ဖို့ သတိပေးချက်တွေ ပြုလုပ်ခဲ့တယ်' လို့ Liu က တရုတ်ကမ်းခြေစောင့်တပ်ရဲ့ တရားဝင် WeChat အကောင့်မှာ ရေးသားထားပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ဟာ ဒိုင်အိုယု ကျွန်းစုများတစ်ဝိုက်ရှိ ရေပိုင်နက်တွေအတွင်း တရုတ်ရဲ့ အကျိုးစီးပွားအခွင့်အလန်းတွေကို ကာကွယ်ရေးနဲ့ ဥပဒေစိုးမိုးရေးလုပ်ဆောင်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး အမျိုးသားနယ်မြေအချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာဖြစ်တယ်’ လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ မှတ်ချက်တွေအပြီး တစ်ပတ်ခန့်အကြာ နိုဝင်ဘာ ၁၆ ရက်မှာ ကျွန်းစုများတစ်ဝိုက်မှာ အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယခုဖြစ်ရပ် ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ Kyodo News က ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ၎င်းရဲ့ နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့ အင်အား မသုံးဘူးလို့ ပြောဆိုထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဘေဂျင်းဟာ သူရဲ့ နိုင်ငံသားတွေကို ဂျပန်နိုင်ငံသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့ပြီး သောကြာနေ့မှာ ရှန်ဟိုင်းမှာ ကျင်းပမဲ့ ဂျပန်အဆိုတော်တစ်ဦးရဲ့ ဖျော်ဖြေပွဲ ရပ်ဆိုင်းမှု အပါအဝင် ယဉ်ကျေးမှုဆိုင်ရာပွဲများစွာကို ထိခိုက်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ဟာ ဂျပန်ပင်လယ်စာတင်သွင်းမှုပိတ်ပင်ချက်ကို ပြန်လည်သက်တမ်းတိုးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပြင် ရှားပါး မြေရှားသတ္တုတွေတင်ပို့မှုကို ကန့်သတ်ခြင်းကဲ့သို့ ပိုမိုပြင်းထန်တဲ့ စီးပွားရေးအစီအမံပိတ်ဆို့မှုတွေကို ချမှတ်နိုင်တယ်လို့ဆိုပါတယ်။


news-view-count-icon

21