back

ပြည်တွင်းမှပြည်ပသို့ငရုတ်တင်ပို့မယ့် ကုမ္ပဏီတွေ အရည်အသွေး ဓာတ်ခွဲစမ်းသပ်ပြီးမှသာတင်ပို့ခွင့်ပြုတော့မယ်

Dec 03 • 3:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းမှပြည်ပသို့ငရုတ်တင်ပို့မယ့် ကုမ္ပဏီတွေ အရည်အသွေး ဓာတ်ခွဲစမ်းသပ်ပြီးမှသာတင်ပို့ခွင့်ပြုတော့မယ်

ထိုင်းနိုင်ငံကို နောက်ပိုင်းကာလ ငရုတ်ထပ်မံတင်ပို့မယ့် ကုမ္ပဏီတွေ အနေနဲ့ အရည်အသွေး ဓာတ်ခွဲစမ်းသပ်ပြီးမှာသာတင်ပို့ခွင့်ပြုတော့မယ်လို့မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်း...

ထိုင်းနိုင်ငံကို နောက်ပိုင်းကာလ ငရုတ်ထပ်မံတင်ပို့မယ့် ကုမ္ပဏီတွေ အနေနဲ့ အရည်အသွေး ဓာတ်ခွဲစမ်းသပ်ပြီးမှာသာတင်ပို့ခွင့်ပြုတော့မယ်လို့မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း က သိရပါတယ်။တင်ပို့မယ့် ကုမ္ပဏီတွေဟာ မတင်ပို့မီ ငရုတ်သီးနမူနာကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်မှ) ISO 17025 လက်မှတ်ရရှိထားတဲ့ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမှာဖြစ်ပါတယ်။အခုလို သိရှိရတဲ့ အတွက် ကုမ္ပဏီ တွေနဲ့ ငရုတ်တောင်သူ တွေ သိရှိစေဖို့ အသိပေးလိုပါတယ်လို့ " မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း က ဆိုပါတယ်။ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီး (အခြောက်) နဲ့ငရုတ်သီး (အစို) တွေမှာ Chlorpyrifos နြဲ Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ် ဓါတ်ကြွင်း တွေ တွေ့ရှိရတယ်လို့သိရပါတယ်။အဲဒီအတွက် ထပ်မံ တင်ပို့မယ့် ကုမ္ပဏီတွေ အနေနဲ့

စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓါတ်ခွဲခန်း ကို ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။မြန်မာပြည် က စိုက်ပျိုးရေးထုတ်ကုန် တွေ မဆုံးရှုံး

စေ ဖို့ အတွက်တောင်သူတွေကြားသိရှိလိုက်နာ

ဆောင်ရွက် နိုင် ကြ ဖို့လည်း လိုပါတယ်လို့ ' စိုက်ပျိုးထုတ်လုပ်သူတစ်ဦးကပြောပါတယ်။ငရုတ်နဲ့ပတ်သက်တဲ့ ဓာတ်ခွဲခန်း စစ်ဆေးမှုတွေကို

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း ၊ လမ်းမတော်မြို့နယ်ရှိ Food Industries Development Supporting Laboratory၊ ဒဂုံမြို့နယ်ရှိ FDA Laboratory ၊ လှိုင်မြို့နယ် ရှိ SGS Myanmar ၊ မန္တလေးမြို့ စက်မှုဇုန် (၁) ရှိ U Kar Ka (ယူကာက) Food Testing Laboratory နဲ့ နေပြည်တော် ဆေးဝါးဇေယျာသီရိရပ်ကွက် ရှိ FDA Laboratory တွေမှာ အသီးသီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးတာတွေပြုလုပ်သွားနိုင်တယ်လို့သိရှိရပါတယ်။

news-view-count-icon

72