back

၉ လအတွင်း မြေဩဇာ တန်ချိန် တစ်သိန်းခွဲကျော်နှင့် ပိုးသတ်ဆေး ၂ သောင်းကျော် တင်သွင်းရန် ခွင့်ပြုထား

Dec 03 • 3:02 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၉ လအတွင်း မြေဩဇာ တန်ချိန် တစ်သိန်းခွဲကျော်နှင့် ပိုးသတ်ဆေး ၂ သောင်းကျော် တင်သွင်းရန် ခွင့်ပြုထား

လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း မြေဩဇာတန်ချိန် 152,648တန်နှင့် ပိုးသတ်ဆေးတန်ချိန် 27,490တန်တို့ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိ...

လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း မြေဩဇာတန်ချိန် 152,648တန်နှင့် ပိုးသတ်ဆေးတန်ချိန် 27,490တန်တို့ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရန် ထောက်ခံဆောင်ရွက်ပေးထားကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျင်းပသည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။ သွင်းကုန်လိုင်စင်ရရှိပြီး မတင်သွင်းနိုင်သေးသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုင်စင်သက်တမ်းအတွင်း အမြန်တင်သွင်းရန်နှင့် သက်တမ်းကုန်ပါက ပြန်အပ်နှံရန် လိုအပ်ကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့်လည်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေးနှင့် အရည်အသွေးမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

news-view-count-icon

24