back

မြန်မာ့တန်ဖိုးမြှင့် စားသောက်ကုန်များကို ဂျပန်နှင့် ကိုရီးယားဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချနေ

Dec 03 • 3:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့တန်ဖိုးမြှင့် စားသောက်ကုန်များကို ဂျပန်နှင့် ကိုရီးယားဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချနေ

မြန်မာနိုင်ငံက ထုတ်လုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်များအနက် ဟင်းသီးဟင်းရွက်ခြောက်၊ နှမ်းလှော်မှုန့်နှင့် ပျားရည် စသည့် စားသောက်ကုန်များကို ဂျပန်နှင့် ကိုရီးယ...

မြန်မာနိုင်ငံက ထုတ်လုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်များအနက် ဟင်းသီးဟင်းရွက်ခြောက်၊ နှမ်းလှော်မှုန့်နှင့် ပျားရည် စသည့် စားသောက်ကုန်များကို ဂျပန်နှင့် ကိုရီးယား ဈေးကွက်များသို့ အများဆုံး တင်ပို့ရောင်းချနေကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းထံမှ သိရသည်။ လက်ရှိတွင် ဂျုံခေါက်ဆွဲကဲ့သို့သော အခြားစားသောက်ကုန်များကိုလည်း အာဆီယံနိုင်ငံများသို့ တင်ပို့နေရပြီး၊ သရက်သီး၊ ဒူးရင်းသီး၊ ကော်ဖီနှင့် ထောပတ်သီးတို့မှ ထုတ်လုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်များကို ဘယ်လာရုစ်အပါအဝင် အခြားပြည်ပဈေးကွက်များသို့ပါ တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ဟု အသင်းဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါက ပြည်ပပို့ကုန်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်သော်လည်း ထုပ်ပိုးပစ္စည်းများကို ပြည်ပမှ တင်သွင်းရသည့် အခက်အခဲတချို့ ရှိနေသေးကြောင်းလည်း သိရသည်။

news-view-count-icon

57