သက်တော်ရှည် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂယာရှိ မဟာဗောဓိပင်အောက်တွင် ဒီဇင်ဘာ ၂ ရက်၊ ၂၀၂၅ ၌ ကျင်းပသော အကြိမ် ၂၀ မြောက် တိပိဋကရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ကာ အထူးဩဝါဒ မိန့်ခွန်း မိန့်ကြားတော်မူခဲ့သည်။ ဤသာသနာရေးအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီး အပါအဝင် နိုင်ငံတော်အဆင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ နာလန္ဒာတက္ကသိုလ်မှ ပုဂ္ဂိုလ်များအပြင် ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီယား၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံအသီးသီးမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ အများအပြား လာရောက်ပူဇော်ခဲ့ကြသည်။ ဆရာတော်ကြီးက ဩဝါဒမိန့်ခွန်း၌ တိပိဋကဓမ္မ၏ အရေးကြီးပုံကို အလေးထား မိန့်ကြားခဲ့ပြီး၊ နိဂုံးချုပ်တွင် မေတ္တာပို့သခဲ့ကြောင်း သိရသည်။


