မကွေးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူ ရှားပါးလာခြင်းနှင့် ပြည်ပသို့ တင်ပို့မှုများကြောင့် ဆိတ်အရှင် ဈေးနှုန်းများ မြင့်တက်လာရာ၊ အရင်က ကျပ်သုံးသောင်း၊ လေးသောင်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုလက်ရှိတွင် ဆိတ်အရှင်တစ်ကောင်ကို ကျပ်နှစ်သိန်းခွဲခန့်အထိ ဈေးမြင့်တက်နေကြောင်း မွေးမြူရေးလုပ်ကိုင်သူများက ပြောသည်။ အင်းကုန်းကျေးရွာမှ ဆိတ်မွေးမြူရေးလုပ်ကိုင်သူ ဦးလှဌေးက ကြိုက်ဈေးဖြင့် ရောင်းဝယ်နေကြကြောင်း ပြောဆိုခဲ့ပြီး၊ ဈေးမြင့်တက်လာမှုကြောင့် ယခင်က ရပ်နားထားခဲ့သော ဆိတ်မွေးမြူရေးကို ဒေသခံတောင်သူများက ပြန်လည်လုပ်ကိုင်လာကြကြောင်း သိရသည်။
Dec 03 • 2:35 AM
မြန်မာ
မကွေး
မျှဝေမည်
| 78 | 0 | 0 | 0 |


