ဒီဇင်ဘာလ ၅ ရက်နေ့သည် နတ်ရွာစံသွားသော ထိုင်းဘုရင်မင်းမြတ် ဘူမိဘော (ရာမ ၉) ၏ မွေးနေ့ဖြစ်ပြီး ဖခင်များနေ့အဖြစ် သတ်မှတ်ထားရာ၊ ထိုင်းနိုင်ငံတစ်ဝှမ်းတွင် ဂုဏ်ပြုအခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။ ဘန်ကောက်မြို့ Sanam Luang ၌ ဝန်ကြီးချုပ်ဦးဆောင်၍ နံနက် ၇:၀၀ နာရီတွင် သံဃာတော် ၁၈၉ ပါးအား ဆွမ်းလောင်းလှူဒါန်းခြင်း အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ မြို့တော်ခန်းမများ၌ ကုသိုလ်ပြုပွဲများ ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ဘုရင်မင်းမြတ်၏ ဓာတ်ပုံ သို့မဟုတ် ရုပ်တုရှေ့တွင် ပန်းခွေချ ဂါရဝပြုခြင်းနှင့် ဒီဇင်ဘာလ တစ်လလုံး အထိမ်းအမှတ်အဖြစ် သန့်ရှင်းရေး၊ သစ်ပင်စိုက်ခြင်း စသည့် အများအကျိုးပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ BTS Skytrain များတွင် ဖခင်များအားလုံးအတွက် အခမဲ့ စီးနင်းခွင့် ပြုခြင်းအပါအဝင် အထူးအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတစ်ဝှမ်း ဒီဇင်ဘာ ၅ ရက် ဘုရင် ဘူမိဘော (ရာမ ၉) မွေးနေ့နှင့် ဖခင်များနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပမည်
Dec 03 • 2:40 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


