ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပွဲစဉ်များတွင် ပါဝင်သည့် မြန်မာအမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ ပွဲစဉ်များကို MRTV-4 နှင့် Channel-7 ရုပ်သံလိုင်းများအပြင် Reader Channel နှင့် Pyone Play Youtube Channel တို့မှလည်း တိုက်ရိုက်ပြသသွားမည် ဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့် ညနေ ၅ နာရီခွဲ၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းနှင့် ညနေ ၅ နာရီခွဲတို့၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ မြန်မာအမျိုးသမီးအသင်းသည်လည်း ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့် ညနေ ၃ နာရီခွဲ၊ ဒီဇင်ဘာ ၈ ရက်နှင့် ၁၁ ရက်နေ့များတွင် မလေးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာအသင်းများ ပါဝင်သည့် ၂၀၂၅ ထိုင်းဆီးဂိမ်း ဘောလုံးပွဲများကို MRTV-4 နှင့် Channel-7 အပါအဝင် ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသမည်
Dec 03 • 2:34 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 49 | 0 | 0 | 0 |


