မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ဖူလ်ဟမ်ကို ၅-၄ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ဂိုး ၁၀၀ ကို အမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ဟာလန်းအနေနဲ့ ပွဲအစ ၁၇ မိနစ်မှာ အဖွင့်ဂိုး သွင်းခဲ့ပြီး ၁၁၁ ပွဲမြောက်မှာ ဂိုး ၁၀၀ ပြည့်ခဲ့တာပါ။သူဟာ ၁၉၉၅ ခုနှစ်က အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့ ၁၂၅ ပွဲကို ကျော်ဖြတ်ခဲ့တာဖြစ်တယ်။ဟာလန်းဟာ ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးအများဆုံးအဖြစ် ၃၆ ဂိုးအထိ သွင်းယူခဲ့တာပါ။ဟာလန်း ဂိုးအများဆုံးသွင်းထားတဲ့ ပြိုင်ဘက်အသင်းတွေက ဝုလ်ဗ်(၁၀ ဂိုး)၊ ဝက်စ်ဟမ်း(၉ ဂိုး)၊ မန်ယူနိုက်တက်(၈ ဂိုး)နဲ့ ဖူလ်ဟမ်(၇ ဂိုး)တို ဖြစ်ပါတယ်။
Dec 03 • 2:28 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


