နိုင်ငံတစ်ဝှမ်းအကျဥ်းထောင်များ ၁၁ ခုမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အကျဥ်းသား၊ အကျဥ်းသူ ၂၆၈ ဦးလွတ်မြောက်လာခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။အဆိုပါလွတ်မြောက်လာကြသည့်နိုင်ငံရေးအကျဥ်းသားများမှ သရက်အကျဥ်းထောင်မှ ကျား ၄ ဦး၊ ကလေးအကျဥ်းထောင်မှ ကျား ၉ ဦး နှင့် မ ၂ ဦး၊ ဒိုက်ဦးအကျဥ်းထောင်မှ ကျား ၄၈ ဦး၊ မ ၂ ဦး၊ အိုဘိုးအကျဥ်းထောင်မှ ကျား ၄၂ ဦး နှင့် ရမည်းသင်းအကျဥ်းထောင်မှ မ ၃ ဦးတို့ ဖြစ်ကြောင်းဖော်ပြထားသည်။ထို့အပြင် သာယာဝတီအကျဥ်းထောင်မှ ကျား ၇၇ ဦး၊ မ ၆ ဦး၊ ထားဝယ်အကျဥ်းထောင်မှ ကျား ၁၀ ဦး၊ မ ၃ ဦး၊ ပြည်အကျဥ်းထောင်မှ ၄ ဦး၊ မကွေးအကျဥ်းထောင်မှ ကျား ၂ ဦး၊ မြင်းခြံအကျဥ်းထောင်မှ ကျား၊မ ပေါင်း ၂၄ ဦး နှင့် အင်းစိတ်အကျဥ်းထောင်မှ ကျား ၃၀ ဦး၊ မ ၂ ဦး တို့လွတ်မြောက်လာခဲ့ကြောင်း PPNM ကထုတ်ပြန်ထားသည်။



