တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ဘဝါချောင်းတစ်လျှောက် ငါးများခိုလေ့ရှိသော ဝန်အိုင်တွင် မိုင်းခွဲငါးဖမ်းမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ငါးပေါက်ပွားမှု ကျဆင်းလာပြီး ငါးဖမ်းဆီးရရှိမှု လျော့နည်းလာကြောင်း ဒေသခံများကပြောသည်။အဆိုပါရေအိုင်တွင် အနည်းဆုံးငါးအမျိုးအစား ခြောက်မျိုးခန့်ရှိပြီး မြီးညှောင်ငါး၊ပုလွေငါး၊ ငါးတပေါင်း၊ငါးပါးနီ၊ ငါးနီခွီး စသည့် ငါးများမှာ အများဆုံးကျက်စားလေ့ရှိသလို အခြားငါးအမျိုးအစားလည်း ကျက်စားလျက်ရှိကြောင်း သိရသည်။ရာသီဥတု ဆိုးရွားသည့် အခြေအနေမျိုးတွင် ဒေသခံများသည် ယင်းအိုင်အတွင်းရှိ ငါးများကို သမားရိုးကျနည်းလမ်းဖြင့်သာ ဖမ်းဆီးပြီး ဝမ်းစာရှာကြရသလို၊ လက်လုပ်လက်စားနှင့် သက်ကြီးဒေသခံများကလည်း အဆိုပါအိုင်အတွင်းရှိ ငါးများကိုဖမ်းဆီးပြီး စားဝတ်နေရေး ဖြေရှင်းရလေ့ရှိဟုဆိုသည်။



