back

လောင်းလုံးကျေးရွာအချို့တွင် ဝက်များသေဆုံးမှုများနေပြီး ဝက်သေများ စျေးပေါပေါဖြင့်ရောင်းနေ

Dec 03 • 2:29 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

လောင်းလုံးကျေးရွာအချို့တွင် ဝက်များသေဆုံးမှုများနေပြီး ဝက်သေများ စျေးပေါပေါဖြင့်ရောင်းနေ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျေးရွာအချို့ရှိ ဝက်များတွင် ကူးစက်ရောဂါ ကျရောက်နေသဖြင့် ဝက်သေဆုံးမှုများပြားနေကြောင်း ဝက်မွေးမြူရေး လုပ်ငန်းလုပ်နေသူများထံမ...

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျေးရွာအချို့ရှိ ဝက်များတွင် ကူးစက်ရောဂါ ကျရောက်နေသဖြင့် ဝက်သေဆုံးမှုများပြားနေကြောင်း ဝက်မွေးမြူရေး လုပ်ငန်းလုပ်နေသူများထံမှ သိရသည်။ဝက်များတွင် နှာရည်ယိုခြင်း၊ ငေးမှိုင်ခြင်း၊ အစာမစားတော့ခြင်း၊ နားရွက်အဖျားနီခြင်း၊ အမည်းရောင် အညိုရောင်အကွက်များထွက်ခြင်း စသည့်လက္ခဏာများဖြင့် သေဆုံးကြခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ကိုင်နေသူများက ပြောသည်။ဝက်များအား ဆေးလိုက်ထိုးပေးနေသူတစ်ဦးကမူ လောင်းလုံးမြို့နယ်တွင် ယခုဖြစ်ပွားနေသော ဝက်ကူးစက်ရောဂါမှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ကြောင်း ပြောဆိုသည်။ထိုကဲ့သို့ ကူးစက်ရောဂါဖြင့် သေဆုံးသွားသည့် ဝက်များကိုပေါ်ပြီး ဈေးကွက်ထဲသို့ ရောင်းချမှုများလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။လောင်းလုံးမြို့နယ်တွင် ဝက်သားတစ်ပိဿာ ကျပ်လေးသောင်းငါးထောင် ဈေးပေါက်နေချိန် ကူးစက်ရောဂါကြောင့် သေဆုံးဝက်များကိုမူ တစ်ပိဿာ တစ်သောင်းငါးထောင်ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

news-view-count-icon

35