back

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

Dec 03 • 2:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အုပ်ချုပ်/နည်းပြ ၁၁ ဦးနှင့...

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အုပ်ချုပ်/နည်းပြ ၁၁ ဦးနှင့် အမျိုးသမီးအားကစားသမား ၂၃ ဦး စုစုပေါင်း ၃၄ ဦးဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့သည်။ မြန်မာ့အသင်း၏ ပထမဦးဆုံး အုပ်စုပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ တိုက်စစ်မှူး မေထက်လူလည်း အမေရိကန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်ပူးပေါင်းနေပြီဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက သိရသည်။

news-view-count-icon

43