IESF WEC 2025 မှာ မြန်မာ့လက်ရွေးစင်အသင်း (Team Zanaka) အဖြစ် သွားရောက်ယှဉ်ပြိုင်တဲ့ MythicSEAL ကတော့ အုပ်စုအဆင့်ပွဲစဉ်တွေကို ဒီနေ့ စတင်ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။MythicSEAL အနေနဲ့ အုပ်စုအဆင့်မှာTeam Mongolia ,Team Egypt,Team Bolivia တို့နဲ့ အတူရောက်ရှိနေပြီး Best of 3 အုပ်စုပွဲစဉ် ၃ ပွဲကို တစ်ရက်တစ်ပွဲ ဆက်တိုက်ကစားသွားမှာဖြစ်ပါတယ်။Team Myanmar vs Team Mongolia (Dec 3, 3:00 PM)vs Team Egypt (Dec 4, 5:00 PM)
vs Team Bolivia (Dec 5, 5:00 PM)LIVE Stream ကိုတော့ Team Zanaka (FB, YT), MLBB Esports Myanmar (FB, YT) တွေမှာ ကြည့်လို့ရနိုင်ပါတယ်။
MSL MM S2 မှာ စောစောနားရပြီး LOD S3 မှာလည်း ပါဝင်မကစားထားတဲ့ MythicSEAL ဟာ ဒီ IESF WEC 2025 အတွက် ဘယ်လောက်ပြင်ဆင်ထားလဲဆိုတာကို စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။



