ချင်းမိုင်၊ စန်ပါတောင်မြို့နယ်မှ ထီရောင်းသူက ပိုက်ဆံမရှိလည်း နောက်မှပေးပါဟု ဆိုကာ အကြွေးဖြင့် ထိုးရောင်းခဲ့တဲ့ ထီလက်မှတ် (၃) စောင်က ပထမဆုကြီးပေါက်ခဲ့တာကြောင့် အသက် ၆၈ နှစ်အရွယ် နေ့စားလုပ်သား ဂျဲ ဆိုသူဟာ ဘတ် ၁၈ သန်း ကံထူးရှင်ဖြစ်သွားတယ်လို့ သိရပါတယ်။ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့မှ ထီလက်မှတ်တွေကို စစ်ဆေးရာမှာတော့ ပထမဆုကြီး ပေါက်နေတာကို အတည်ပြုခဲ့ပြီး ရဲစခန်းမှာ မှတ်တမ်းသွားတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးဂျဲဟာ တစ်လ ၁,၅၀၀ ဘတ်ဖြင့် အိမ်ငှားနေထိုင်သူဖြစ်ပြီး တစ်နေ့ ၃၅၀ ဘတ်သာ ရရှိတဲ့ အထွေထွေလုပ်သားဘဝကို ရုန်းကန်နေရသူဖြစ်ကာ ထီထွက်မယ့်နေ့မှာ ဘန်မဲဈေးမှအဒေါ်ယမ်က ဦးဂျဲရဲ့လက်ထဲကို ထီလက်မှတ် သုံးစောင်ကို အတင်းထည့်ပေးခဲ့ပြီး ငွေနောက်မှ ပေးချေခိုင်းခဲ့တာဖြစ်ပါတယ်။ထီပေါက်တဲ့ သတင်းကြားသိရတဲ့ ရွာသူရွာသားတွေနဲ့ ဆွေမျိုးတွေက ဦးဂျဲရဲ့ နေအိမ်သို့ လာရောက်ကာ ဝမ်းသာအားရ ဂုဏ်ပြုကြပြီး ဒေသထွက် အသားသုပ် (လာပ်) နဲ့ အောင်ပွဲခံပွဲ ပြုလုပ်ခဲ့ကြကြောင်း Khaosod သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတွင် ထီဖိုး နောက်မှပေးပါဆိုလို့ လက်ကျန်ထီကို အကြွေးဖြင့်ဝယ်ခဲ့ရာမှ ၃ စောင်တွဲ ဘတ် ၁၈ သန်းပေါက်
Dec 03 • 2:16 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


