back

ထိုင်းတွင် ထီနံပါတ် တစ်ခုတည်းကို ငါးနှစ်ကြာ ထိုးသူ ဒီလတွင် ထိုင်းထီပေါက်သွား

Dec 03 • 2:15 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ထီနံပါတ် တစ်ခုတည်းကို ငါးနှစ်ကြာ ထိုးသူ ဒီလတွင် ထိုင်းထီပေါက်သွား

ထိုင်း ဖုဘလော်ဂါတစ်ဦးဖြစ်တဲ့ Plao Cooking ဆိုသူဟာ ထီနံပါတ်တစ်ခုထဲကို စွဲစွဲမြဲမြဲ ၅ နှစ်ကြာ ထိုးပြီးတဲ့နောက် ဒီလမှာတော့ ဘတ် ၄ သိန်း ကံထူးခဲ့ပါတယ်။သူဟာ ထီလက်မှတ်...

ထိုင်း ဖုဘလော်ဂါတစ်ဦးဖြစ်တဲ့ Plao Cooking ဆိုသူဟာ ထီနံပါတ်တစ်ခုထဲကို စွဲစွဲမြဲမြဲ ၅ နှစ်ကြာ ထိုးပြီးတဲ့နောက် ဒီလမှာတော့ ဘတ် ၄ သိန်း ကံထူးခဲ့ပါတယ်။သူဟာ ထီလက်မှတ်ကို နံပါတ် ၂၂ နဲ့ ဆုံးတာတွေကို ရာနဲ့ချီအထပ်လိုက် လတိုင်း ဝယ်ဝယ်ထိုးခဲ့တာဖြစ်ပြီး ၅ နှစ်ကျော်ကြာ ထိုးပြီးမှ အခုမှပေါက်တာပါ။ ထီမထွက်ခင် ဘန်ကောက်က ဘုရားကိုသွားပြီး တောင်းဆုလည်း ခြွေခဲ့သလို ဖေ့ဘွတ်ခ်မှာ ပုံလည်း အခုလိုတင်ထားတာပါ။သူပေါက်ခဲ့တာက နောက်ဆုံး ၂ လုံးတူ ဂဏန်း- 22 ဖြစ်ပြီး တစ်စောင်ကို ဘတ် ၂၀၀၀ ရခဲ့တဲ့အတွက် ဒီလထဲ ၂၀၈ စောင်ထိုးထားတော့ ဘတ် ၄ သိန်းကျော်ကျော်ရခဲ့တာဖြစ်ပါတယ်။သူ့မွေးလလည်းဖြစ်တဲ့ ဒီဇင်ဘာမှာ ပေါက်တာဖြစ်လို့ အရမ်းလည်း ပျော်နေတယ်လို့ဆိုပါတယ်။

news-view-count-icon

30