ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ဒီရက်ပိုင်းအတွင်း ကျန်းမာရေးကို ထိခိုက်စေသည့် အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး၊ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ထက် ပိုမိုဆိုးရွားနေကြောင်း သိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၏ လေထုအရည်အသွေးညွှန်းကိန်း (AQI) သည် ၁၇၈ အထိရှိခဲ့ပြီး အနီရောင်အဆင့်တွင် ရှိခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းကလည်း AQI ၁၇၄ ရှိခဲ့ပြီး လေထုညစ်ညမ်းမှုအတွက် ကမ္ဘာ့အဆင့် ၁၁ နေရာကို ရောက်ရှိခဲ့ကြောင်း Environment, Health and Safety Myanmar က IQAir ကို ကိုးကားပြီး ဖော်ပြထားသည်။

Dec 03 • 2:15 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 31 | 0 | 0 | 0 |


