မန္တလေးမြို့တွင် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်၌ ရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ရာ စစ်ကိုင်းနှင့် မန္တလေး မြို့ခံများက သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။ ငလျင်သည် စဉ့်ကိုင်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၊ အနက် ၃၃ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အချိန်အတော်ကြာမှ ပြန်လည်လှုပ်ခတ်ခြင်းဖြစ်သောကြောင့် မြို့ခံများအကြား သတိထားမိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးတွင် ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စစ်ကိုင်းနှင့် မန္တလေးမြို့ခံများ သိသိသာသာ ခံစားရ
Dec 03 • 2:13 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 32 | 0 | 0 | 0 |


