အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် လွန်ခဲ့သော သီတင်းပတ်အတွင်း ပြင်းထန်သော မုတ်သုံရာသီ ရေကြီးမှုများနှင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နှစ်ခု၏ ရိုက်ခတ်မှုကြောင့် လူပေါင်း ၁,၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး၊ သောင်တင်နေသူ ထောင်ပေါင်းများစွာကို အမြန်ဆုံး အကူအညီများ ပေးနိုင်ရေးအတွက် အစိုးရနှင့် အန်ဂျီအိုများက ဒီဇင်ဘာလ ၂ ရက်နေ့တွင် အရေးပေါ် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ရေဘေးဒဏ်ကြောင့် အင်ဒိုနီးရှား၏ အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ဆူမားတြားကျွန်းဒေသများ၊ သီရိလင်္ကာ၊ ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ လက်ရှိတွင် ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ပျက်စီးမှုများကြောင့် လူအများအပြားသည် ခိုလှုံရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်ပြီး သန့်ရှင်းသောရေနှင့် အစားအစာများ ရရှိရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း အာချေးပြည်နယ်မှ ဒေသခံများက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်းနှင့် မလေးရှားတို့တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁,၂၀၀ နီးပါးရှိလာ၍ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်
Dec 03 • 2:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


