back

မနှစ်က ဘတ်ရိုက်ထားတဲ့ ရွှေ့ပြောင်းလုပ်သား တွေ အလုပ်လုပ်ကိုင်ခွင့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးပေးမည်

Dec 03 • 2:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

breaking-news
cover

မနှစ်က ဘတ်ရိုက်ထားတဲ့ ရွှေ့ပြောင်းလုပ်သား တွေ အလုပ်လုပ်ကိုင်ခွင့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးပေးမည်

ထိုင်းနိုင်ငံမှာ မနှစ်က ဘတ်ရိုက်ထားတဲ့ ရွှေ့ပြောင်းလုပ်သား တွေ ကို အလုပ်လုပ်ကိုင်ခွင့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးပေးမယ်လို့ထိုင်းအလုပ်သမားဝန်ကြီး က ဒီဇင်ဘာ ၂ ရ...

ထိုင်းနိုင်ငံမှာ မနှစ်က ဘတ်ရိုက်ထားတဲ့ ရွှေ့ပြောင်းလုပ်သား တွေ ကို အလုပ်လုပ်ကိုင်ခွင့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးပေးမယ်လို့ထိုင်းအလုပ်သမားဝန်ကြီး က ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။"နိုင်ငံခြားသားအလုပ်သမား တွေ ထိုင်းနိုင်ငံ မှာ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဖြေလျော့ပေးတာဟာ အလုပ်ရှင်တွေနဲ့ လုပ်ငန်း တွေအတွက် အလုပ်သမား လိုအပ်ချက်မရှိစေဘဲ ထုတ်ကုန်နဲ့ဝန်ဆောင်မှု တွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်လို့"ထိုင်းအလုပ်သမား ဝန်ကြီးက ပြောပါတယ်။ထိုင်းနိုင်ငံ မှာ ဥပဒေနဲ့ အညီ လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တွေ အလုပ် လုပ်ကိုင်ခွင်ကို ၁ နှစ် သက်တမ်း တိုးပေးသွားမှာ ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အလုပ်သမား ဝန်ကြီးဌာန တွေကနေ ရက်အတိအကျ ထုတ်ပြန် ကြေညာပြီးနောက် လုပ်ငန်းစဉ် စတင်မှာဖြစ်တယ်လို့သိရပါတယ်။ မနှစ်ကဘတ်သစ်ရိုက်ထားသူ ၃နိုင်ငံသား တွေ ကိုနောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပေးမှာဖြစ်ပါတယ်။ဝါ့ပါမစ်ကိုပဲ တနှစ်တိုးပေးမှာပါ။CIမလုပ်ပေးသေးပါဘူးလို့ " ထိုင်းနိုင်ငံအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

အဲဒီအတွက် သက်တမ်းကုန်ဆုံးမယ့် မြန်မာအလုပ်သမား တွေ အနေနဲ့ လက်ရှိ အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်း မကုန်ဆုံးမီ သက်တမ်းတိုး လျှောက်ထားဖို့ လိုအပ်ပြီး ပါမစ် သက်တမ်း တိုးတာအတွက် နိုင်ငံကူးလက်မှတ် နဲ့ အခြားသော တရားဝင် စာရွက်စာတမ်း ၊ ငွေကြေး တွေ ပြင်ဆင်ထားဖို့လိုအပ်မယ်လို့သိရပါတယ်။"နိုင်ငံခြားသား တွေဟာ သူတို့ရဲ့ပါမစ်သက်တမ်း

မကုန်ဆုံးမီ၊အလုပ်ပါမစ် သက်တမ်းတိုးရမှာဖြစ်ပါတယ်လို့ " အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် Mr. Somchai Morakotsriwan ကပြောပါတယ်။နိုင်ငံကူးလက်မှတ် ၊ နိုင်ငံကူး လက်မှတ် အစား စာရွက်စာတမ်း တေံ ကို ရယူကာ သတ်မှတ်ထားတဲ့ အချိန်ဘောင်အတွင်း ဗီဇာရယူရမှာဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အလုပ်သမား ဝန်ကြီးဌာန တွေရဲ့ ကြေညာချက်ကို အသက်ဝင်ပြီးနောက် လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီး အလုပ်ရှင်တွေနဲ့ လုပ်ငန်း တွေကို သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း လျှောက်လွှာ တင်သွင်းဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်ကြဖို့ကိုလည်းအလုပ်အကိုင် ဦးစီးဌာနက တိုက်တွန်းထားပါတယ်။



news-view-count-icon

18