ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလပိုင်းက ဘတ်ပန်းရောင်လက်မှတ် ပြုလုပ်ထားသည့် မြန်မာ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား နောက်ထပ် (၁) နှစ် နေထိုင်ခွင့် ထပ်မံခွင့်ပြုလိုက်သည်။ အဆိုပါအလုပ်သမားများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းတွင် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ကျန်ရှိနေသည့် စာရွက်စာတမ်းလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မြန်မာအလုပ်သမားများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ၊ ဗီယက်နမ်နှင့် လာအိုအလုပ်သမားများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ယာယီနေထိုင်ခွင့် ပေးထားသည်။ ယခု ထပ်မံခွင့်ပြုလိုက်သည့် (၁) နှစ် နေထိုင်ခွင့်အရ မြန်မာအလုပ်သမားများသည် ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ၊ ဗီယက်နမ်နှင့် လာအိုအလုပ်သမားများသည် ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်က ဘတ်ပန်းရောင်လက်မှတ်ပြုလုပ်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများအား နောက်ထပ် ၁ နှစ် နေထိုင်ခွင့်ပြု
Dec 03 • 1:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


