မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ KK Park နှင့် ရွှေကုက္ကိုလ်ကျားဖြန့်စင်တာများမှ သောင်ရင်းမြစ်ဖြတ်ကူးလာသည့် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်သော တရုတ်နိုင်ငံသား ၁၂၀၈ ဦးအနက် ပထမအသုတ်ဖြစ်သည့် အယောက် ၃၀၀ ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုင်း လဝကနှင့် အာဏာပိုင်များက မဲဆောက်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ တရုတ်ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အချက်အလက် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ လုံခြုံရေးတင်းကြပ်စွာဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသည့် တရုတ်နိုင်ငံသားများကိုလည်း ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ဒီဇင်ဘာ ၄ ရက်အထိ လေကြောင်းခရီးစဉ် ၆ ခု ပြေးဆွဲ၍ ပြန်ပို့သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံသားများ ပို့ဆောင်ပြီးနောက် နိုင်ငံစုံမှ ကျားဖြန့်လုပ်သားများကို ထပ်မံပို့ဆောင်ရန် စီစဉ်ထားကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

မြဝတီ ကျားဖြန့်လုပ်ငန်းမှ ဖမ်းမိသည့် တရုတ်နိုင်ငံသား ၁၂၀၈ ဦးအနက် ပထမအသုတ် ၃၀၀ ဦးကို မဲဆောက်မှ တရုတ်သို့ ပြန်ပို့
Dec 03 • 1:57 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


