ဘန်ကောက်၊ Charoen Krung ဧရိယာရှိ Asiatique The Riverfront တွင် မကြာသေးမီကမှ မိတ်ဆက်ဖွင့်လှစ်ခဲ့သည့် SkyFlyers: Wings of Garudapterus ကစားနည်းကြောင့် ဖြစ်ပေါ်လာသော ကစားသူများ၏ အော်ဟစ်ဆူညံသံများကို ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုလျက်ရှိသည်။ ၎င်း ၁၃၅ မီတာ မြင့်သည့် မြို့ရှုခင်းကြည့် ကစားနည်းသည် ကမ္ဘာ့အမြင့်ဆုံး ၃ ခုစာရင်းဝင်ဖြစ်ပြီး နိုင်ငံတကာဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီသော်လည်း ဒေသခံများကမူ အနားယူချိန်များတွင်ပါ ဆူညံသံများ မရပ်မနားဖြစ်နေ၍ ညဘက်ကြီး အိပ်မရနိုင်တော့ကြောင်း ဆိုကာ တိုင်ကြားမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် ထိုဒေသနေထိုင်သူတစ်ဦးက ဆူညံသံဗီဒီယိုကို TikTok တွင် တင်ခဲ့ပြီးနောက် ဝေဖန်မှုများ များပြားလာခဲ့ရာ၊ ဒေသခံအချို့က ဖွင့်ချိန်လျှော့ချရန် သို့မဟုတ် ကစားနည်းကို ရွှေ့ပြောင်းရန် အကြံပြုတောင်းဆိုခဲ့ကြသည်။ လတ်တလောတွင် Asiatique ဘက်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Dec 03 • 1:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


