ဂျပန်ဘုရင်၏ တစ်ဦးတည်းသော သမီးတော် အိုက်ကိုက ပေါ့ပ်ကြယ်ပွင့်တစ်ဦးကဲ့သို့ပင် အားပေးမှုများ အမြဲတမ်း ရရှိနေချိန်တွင် အမျိုးသားများသာ ထီးနန်းဆက်ခံခွင့်ရှိသည့် ဂျပန်နိုင်ငံ၏ ဥပဒေကို ပြောင်းလဲရန် တောင်းဆိုမှုများ မြင့်တက်လာကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ဖခင်ဖြစ်သူ ဧကရာဇ် နာရူဟီတိုနှင့် မယ်တော် မာဆာကိုတို့နှင့်အတူ နာဂါဆာကီမြို့သို့ သွားရောက်လည်ပတ်စဉ်က လမ်းတစ်လျှောက်တွင် နှုတ်ဆက်သူများက အိုက်ကို၏အမည်ကို အော်ဟစ်ခေါ်သံများသည် မိဘနှစ်ပါးကို အားပေးသံများထက်ပင် ကျယ်လောင်ခဲ့သည်။ဂျပန်နိုင်ငံ၏ ဥပဒေအရ တစ်ဦးတည်းသော သမီးတော် အိုက်ကိုအနေဖြင့် နန်းမွေဆက်ခံပြီး ဘုရင်မ ဖြစ်ခွင့်မရှိသဖြင့် သူ့ကို ထောက်ခံသူများက ဂျပန်၏ ထီးနန်းဆက်ခံရေးဥပဒေကို ပြောင်းစေလဲလိုကြသည်။ဝော်ဝင်မင်းသမီး အိုက်ကိုသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့က အသက် ၂၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။



