ဂျပန်နိုင်ငံ၊ ကိုမဲအိတို ပါတီမှ အသက် ၆၄ နှစ်အရွယ် လွှတ်တော်အမတ် ဟီရိုရှီ ဖူကူကာဝါသည် အသက် ၂၀ အရွယ် အပျော်မယ်တစ်ဦးကို ခေါ်ယူပျော်ပါးခဲ့ပြီးနောက် စမတ်ဖုန်းဖြင့် တိတ်တဆိတ် ရုပ်သံခိုးရိုက်ကူးခဲ့မှုဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြသည်။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ညစ်ညမ်းပုံများ ရိုက်ကူးမှုကို တားမြစ်သည့် ဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်ထားပြီး ၎င်းကိုယ်တိုင်ကလည်း ဝန်ခံထားကြောင်း သ်ရသည်။ ဖူကူကာဝါသည် လွှတ်တော်အစည်းအဝေးတက်ရန် တိုကျိုမြို့ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေစဉ် အပျော်မယ်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ ခွင့်မတောင်းဘဲ ကင်မရာဖွင့်ထားသည့် ၎င်း၏ စမတ်ဖုန်းကို အမျိုးသမီးက တွေ့ရှိ၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဖမ်းဆီးပြီးနောက် ပါတီဗဟိုအတွင်းရေးမှူးချုပ်က လုံးဝလက်မခံနိုင်သော အပြုအမူဖြစ်ကြောင်း ပြောကြားကာ ပါတီတွင်း စည်းကမ်းပိုင်းဆိုင်ရာဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Dec 02 • 6:48 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


