သရုပ်ဆောင် ပိုင်တံခွန်ရဲ့ မိခင်ဖြစ်သူက သူမအနေနဲ့ သားသမီးတွေကို ပိုးကောင်တစ်ကောင်တောင် အ-ိုက်မခံရအောင် ဂရုစိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သားသမီးဖြစ်သူက သူမကို ရိုင်းပျစွာဆက်ဆံခံခဲ့ရတာကြောင့် သူမရဲ့ ဘဝပိုင်ဆိုင်မှုတွေထဲက ဓာတ်ပုံတွေကိုချပြလာချိန် ပိုင်တံခွန်ပါမလာခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေကတော့ မိခင်ဖြစ်သူဟာ ပိုင်တံခွန်ကိုပြောနေခဲ့တာဖြစ်ပြီး အချို့သောမှတ်ချက်တွေထဲမှာတော့ ၎င်းတို့နှင့်နီးစပ်သောအသိုင်းအဝိုင်းတစ်ခုမှ ဇနီးသည်နှင့်ပိုင်တံခွန်တို့ဟာ မိဘနှင့်အတူတူ ၎င်းတို့အသိုင်းအဝိုင်းကို ခွဲခြားဆက်ဆံခဲ့ပြီး သားဖြစ်သူကတော့ ရိုင်းပျစွာဆက်ဆံခဲ့တယ်လို့ ယိုးစွပ်ထားတာတွေ တွေ့ရပါတယ်။ အချို့ပရိသတ်တွေကတော့ ပိုင်တံခွန်ရဲ့ မိဘအပေါ် သိတတ်မှုတွေကိုထောက်ပြပြီး သားသမီးကိုငရဲပေးတဲ့ မိဘဖြစ်ကြောင်း ပိုင်တံခွန်နှင့်ဇနီးသည်အပေါ် ကိုယ်ချင်းစာစွာဖြင့် မှတ်ချက်ပေးထားခဲ့ကြပါတယ်။



