ဒီဇင်ဘာလပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲကြီးလက်ကျန်နည်းနေပြီး ပြည်တွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိနေသည့်အတွက် ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ပဲကြီးများမှာ ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၁၀,၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ ခန့် ဈေးမြင့်တက်လာတာ ဖြစ်ပါသည်။ပဲကြီး( သေး)များမှာ တော့ယခင်တစ်ပတ်ထက် ၁၀,၀၀၀ ကျပ် ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၁၇၀,၀၀၀ မှ ၁၉၀,၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။



